Main Menu
မူလစာမျက်နှာ
ထေရုပ္ပတ္တိအကျဉ်း
တရားတော်အသံဖိုင်များ
တရားတော်ရုပ်သံဖိုင်များ
ဓမ္မစာအုပ်များ
တရားတော်စာမူများ
တရားတော်မှတ်စုတိုများ
ပဋိစ္စသမုပ္ပာဒ် ဉာတပရိညာသင်ခန်းစာ
မှတ်တမ်းဓာတ်ပုံများ
ရေးသားမျှဝေမှုများ(ဝင်းမြင့်)
Forum
Hosting Donated By
ကျန်းမာအေးမြကြပါစေ
ဗုဒ္ဓတရားနှင့် အဝိဇ္ဇာ-တဏှာတရား
သာသနာ အရှည်တည်တံ့ရေး သုံးဆယ့်ခုနစ်ပါး...
သာသနာ အရှည်တည်တံ့ရေး သုံးဆယ့်ခုနစ်ပါး၊
ရဟန်းတို့ ငါသည် ထူးသော ဉာဏ်ဖြင့် သိ၍ ဟောတော်မူအပ်သော တရားတော် တို့ကို သင်တို့သည် ကောင်းစွာ သင်ယူ၍ မှီဝဲအပ်ကုန်၏၊ ပွါးများအပ်ကုန်၏၊ အဖန်ဖန် လေ့ကျင့်အပ်ကုန်၏၊ ယင်းသို့မှီဝဲပွါးများ လေ့ကျင့်သည်ရှိသော် ဤမြတ် သော အကျင့် 'သာသနာတော်' သည် အရှည်ခိုင်ခန့်လျက် ကြာမြင့်စွာ တည်တံ့ရာ ၏၊ ထို (သို့တည်တံ့ခြင်း) သည် လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန် အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွား ချမ်းသာအလို့ငှါ ဖြစ်လေ ရာ၏။
ရဟန်းတို့ ငါသည် ထူးသောဉာဏ်ဖြင့် သိ၍ ဟောတော်မူအပ်သော တရားတို့ကို သင်တို့သည် ကောင်းစွာ သင်ယူ၍ မှီဝဲအပ်ကုန်၏၊ ပွါးများအပ်ကုန်၏၊ အဖန်ဖန် လေ့ကျင့်အပ်ကုန်၏၊ ယင်းသို့ မှီဝဲပွါးများ လေ့ကျင့်သည် ရှိသော် ဤမြတ်သော အကျင့် 'သာသနာတော်' သည် အရှည်ခိုင်ခံ့လျက် ကြာမြင့်စွာ တည်တံ့ ရာ၏၊ ထို (သို့တည်တံ့ခြင်း) သည် လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့် ရှောက်ရန် အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွား ချမ်းသာအလို့ငှါ ဖြစ်လေရာ ၏ဟု ဆိုရာ၌ ထူးသောဉာဏ်ဖြင့်သိ၍ ငါဟောအပ်သော ထိုတရားတို့ကား အဘယ် နည်း။
ယင်းတရားတို့ကား ...
၁... သတိပဋ္ဌာန်လေးပါး
၂... သမ္မပ္ပဓာန်လေးပါး
၃... ဣဒ္ဓိပါဒ်လေးပါး
၎... ဣနြေ္ဒငါးပါး
၅... ဗိုလ်ငါးပါး
၆... ဗောဇ္ဈင်ခုနစ်ပါး
၇... အင်္ဂါရှစ်ပါးရှိသော အရိယမဂ်တို့ပေတည်း...။
ရဟန်းတို့ ငါသည် သင်တို့အား ထူးသောဉာဏ်ဖြင့် သိ၍ ဟောအပ်သော ဤ တရားတော်တို့ကို သင်တို့သည် ကောင်းစွာ သင်ယူ၍ မှီဝဲအပ်ကုန်၏၊ ပွါးများအပ် ကုန်၏၊ အဖန်ဖန် လေ့ကျင့်အပ်ကုန်၏၊
ယင်းသို့ မှီဝဲပွါးများ လေ့ကျင့်သည်ရှိသော် ဤမြတ်သောအကျင့် 'သာသနာတော်' သည် အရှည်ခိုင်ခံ့လျက် ကြာမြင့်စွာ တည်တံ့ရာ၏၊ ထို (သို့တည်တံ့ခြင်း) သည် လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန် အလို့ငှါ နတ်လူတို့ ၏ အကျိုးစီးပွားနှင့် ချမ်းသာအလို့ငှါ ဖြစ်လေရာ၏ ဟု (မိန့်တော်မူ၏)။
ထို့နောက် မြတ်စွာဘုရားသည် ရဟန်းတို့အား မိန့်တော်မူပြန်သည်မှာ-
ရဟန်းတို့ သင်တို့အား ယခု ငါ မိန့်မှာဦးအံ့၊
ပြုပြင်ပေးရသော 'သင်္ခါရ' တရားတို့သည် ပျက်စီးခြင်း သဘော ရှိကုန်၏၊
မမေ့သော သတိတရားဖြင့်* ကိစ္စပြီးစီးအောင် အားထုတ်ကြကုန်လော့၊
မြတ်စွာဘုရား၏ ပရိနိဗ္ဗာန်ပြုခြင်းသည် မကြာမီပင် ဖြစ်လိမ့်မည်၊
ဤနေ့မှ သုံးလလွန်သောအခါ၌ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုချေတော့မည်
ဟု ဤစကားကို မြတ်စွာဘုရား မိန့်တော်မူပြန်၏။
ဤစကားကို မိန့်တော်မူပြီးလျှင် ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် တစ်ပါးသော ဤစကားကိုလည်း မိန့်တော်မူပြန်၏ -
ရဟန်းတို့ ငါ၏ အရွယ်သည် ရင့်ရော်လှလေပြီ...
ငါ၏ အသက်ကြွင်းသည် နည်းလှလေပြီ...
သင်တို့ကို စွန့်၍ သွားရတော့အံ့...
ငါသည် မိမိ၏ ကိုးကွယ်ရာကို ပြုပြီးပြီ...။
ရဟန်းတို့ ...
မမေ့မလျော့ဘဲ သတိရှိလျက် စင်ကြယ်သော သီလနှင့် ပြည့်စုံကြစေ ကုန်လော့၊
ကောင်းစွာ တည်ကြည်၍ ကောင်းစွာ ကြံစည်ခြင်းရှိလျက်
မိမိတို့၏ စိတ်ကို စောင့်ရှောက်ကြကုန်လော့။
ရဟန်းတို့ ဤတရားဝိနည်း 'သာသနာတော်' ၌ မမေ့မလျော့ နေသောသူသည် အဖန်ဖန် ဖြစ်လျက် ပြောင်းရွှေ့ ကျင်လည်ရာ 'ဘဝသံသရာ' ကို စွန့်ပယ်၍ ဒုက္ခ၏ အဆုံးကို ပြုနိုင်ပေ လတ္တံ့ဟု (မိန့်တော်မူပြန်၏)။158
သာသနာ အရှည်တည်တံ့ရေး သုံးဆယ့်ခုနစ်ပါး၊
မဟာပရိနိဗ္ဗာနသုတ်၊ မဟာဝဂ်ပါဠိတော်။
* အပ္ပမာဒေန သမ္ပာဒေထာတိ သတိအဝိပ္ပဝါသေန သဗ္ဗကိစ္စာနိ သမ္ပာဒေယျာထ-
ဟူသော အဋ္ဌကထာနှင့်အညီ သတိတရားဖြင့်ဟု ကရိုဏ်းအနက် ပြန်ဆိုထားသည်။
ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။
ဆရာတော်ဘုရား ဦးလောကနာထ ဆိုဒ်မှ http://lknt.org
ဗုဒ္ဓတရား
(ဗုဒ္ဓဘာသာ)
နှင့် အဝိဇ္ဇာ-တဏှာတရား
(အဝိဇ္ဇာ-တဏှာဘာသာ)
=========================
ဗုဒ္ဓတရားနှင့်
အဝိဇ္ဇာ
-
တဏှာတရား
ဆိုပြီး
နှစ်မျိုးရှိ
ပါ
တယ်။
ဘယ်တရားကို
ရွေးချယ်လက်ခံမလဲ။
ဗုဒ္ဓတရားရဲ့
အရိပ်က
အဇာတိဟုဆိုအပ်သော
နိဗ္ဗာန်။
အဝိဇ္ဇာ
-
တဏှာတရား
ရဲ့အရိပ်ကတော့
ဇာတိပေါ်၊
ခန္ဓာ့ဝန်ထမ်း၊
သေ
ဆိုတဲ့သုံးမျိုး။
ဗုဒ္ဓတရားက
-
အကုသိုလ်၊
ဒါန၊သီလ၊သမထ၊ဝိပဿနာ
ဆိုတဲ့
ငါးမျိုးသောတရားကို
ဝေဖန်ပိုင်းခြားပြီး
အဝိဇ္ဇာ
-
တဏှာကင်းအောင်
ဟောပါတယ်။
အဝိဇ္ဇာ
-
တဏှာတရား
-
အကုသိုလ်လဲပါတယ်၊
ဒါနလည်းပြုခိုင်းတယ်
၊
ပြီးတော့
ဇာတိပေါ်မယ့်လမ်းကိုလည်း
ညွှန်ကြားတယ်။
သီလ
လည်းဆောက်တည်ခိုင်းတယ်
ပြီးတော့
ဇာတိပေါ်မယ့်လမ်းကိုလည်း
ညွှန်ကြားတယ်။
သမထ
လည်းလုပ်ခိုင်းတယ်
ပြီးတော့
ဇာတိပေါ်မယ့်လမ်းကိုလည်း
ညွှန်ကြားတယ်။
ဗုဒ္ဓတရားကို
နာနေရင်းမှာ
အဝိဇ္ဇာ
-
တဏှာတရားက
ဝင်ဝင်လာပြီး
ဟောလေ့ရှိတယ်။
(
တရားနာတာ
အချည်းအနှီးတော့
မဖြစ်ဘူး၊
နိဗ္ဗာန်
မရောက်လဲ၊
နတ်ပြည်လောက်တော့
ရောက်မှာပေါ့
-
ဒီလိုဟောတာ
)
။
(
ကိုယ့်စိတ်ကို
ဖြူဖြူစင်စင်ထား၊
သူတစ်ပါးကိုလည်း
မပြစ်မှားနဲ့
သီလလည်း
စောင့်၊
ဒါမှ
လူတွေ၊
နတ်တွေက
ချစ်ခင်ကြမယ်၊
လေးစားကြမယ်၊
သေရင်
နတ်ပြည်ရောက်မယ်
-
ဒီလိုဟောတာ
)
။
(
အကောင်းစကားနှင့်စပြီး
ဇာတိကို
တွန်းတွန်းပို့တတ်တယ်
)
။
ဗုဒ္ဓတရားက
-
လာရာအရပ်က
အဝိဇ္ဇာ
-
တဏှာ
ပို့ဆောင်လိုက်လို့
အခု
ဇာတိ
ဒုက္ခ
ချောက်ကြီးကိုကျတယ်၊
အဲဒီချောက်ကြီးမှာ
ခန္ဓာ့ဝန်ဒုက္ခကို
ထမ်းပိုးထားရပြီး
အဲဒီချောက်ကြီးမှာပဲသေရမယ်။
နောက်ထပ်
အဝိဇ္ဇာ
-
တဏှာ
စခန်းထပ်ဖွင့်ရင်
ဇာတိ
ဒုက္ခ
ချောက်ကြီးကိုထပ်ကျမယ်၊
အဲဒီချောက်ကြီးမှာ
ခန္ဓာ့ဝန်ဒုက္ခကို
ထပ်ထမ်းပိုးထားရမယ်၊
အဲဒီချောက်ကြီးမှာပဲ
ထပ်သေရမယ်။
ဒီလိုနဲ့ပဲ
လည်ပတ်နေလိမ့်မယ်။
ဒီလည်နေတဲ့
သံသရာ
ချောက်
ထဲက
လွတ်ဆောင်မယ့်တရားကို
ငါဘုရားဉာဏ်ဖြင့်
သိမြင်ခဲ့လေပြီ။
ဒီတရားက
မဂ္ဂင်ရှစ်ပါး
အကျင့်တရားပဲ။
ဒါကို
အတိုပြောရရင်
မိမိခန္ဓာ့စဉ်မှာ
ဖြစ်နေတဲ့
အနိစ္စသဘော၊
ဒုက္ခသဘော၊
အနတ္တသဘောကို
သူ့သဘောအတိုင်း
မြင်
အောင် ကြည့်တဲ့အလုပ်
ပဲ။
တစ်လုံးတည်းပြောရရင်
သန္ဒိဋ္ဌိကော
(
ခံစားမှုသဘော၊သိမှုသဘောတွေ
စသည့်ခန္ဓာပေါ်ပြီး
ပျက်သွားတာကို
ကိုယ်တိုင်မြင်တာ
)
။
အများနားလည်အောင်ပြောရရင်
ဝိပဿနာအလုပ်တရား။
ဝိပဿနာအလုပ်တရားဆိုတာသည်
အဝိဇ္ဇာ
-
တဏှာကင်းပြီး
ပြုတ်အောင်
ကျင့်တဲ့တရားဖြစ်တယ်။
ဒီအဝိဇ္ဇာ
-
တဏှာကို
လေးမဂ်၊လေးဖိုလ်ဉာဏ်နှင့်
အရှင်းဖြုတ်လို့
ပြုတ်ရင်
စုတိစိတ်ပြီး
ပဋ္ဋိသန္ဓေစိတ်မပေါ်ဘူး။
မပေါ်ရင်
အဇာတိ
လို့ခေါ်တယ်။
အဇာတိကို
နိဗ္ဗာန်လို့ခေါ်တယ်။
ဒီလို
နိဗ္ဗာန်ရောက်ကြောင်းတရားကို
ဗုဒ္ဓတရားဟု
ခေါ်သည်။
ဗုဒ္ဓဘုရားသည်
ခုနှစ်နှစ်သား
ရဟန်ကိုလည်း
ဉာဏ်ပါရမီပြည့်ရင်
သစ္စာတရားဟောပြီး
နိဗ္ဗာန်ရောက်ကြောင်း
အကျင့်ကို
အားထုတ်စေပြီး
ခုနှစ်နှစ်သား
ရဟန်းက
ရဟန္တာဖြစ်တယ်။
တို့မှာ
ဉာဏ်ပါရမီပြည့်မပြည့်တော့မသိပါဘူး
-
ဗုဒ္ဓတရားကို
နှလုံးသွင်းနိုင်တဲ့
ဉာဏ်အမြင်မရှိရင်တော့
ဉာဏ်ပါရမီမပြည့်တာအမှန်။
ဒါကို
ကြိုးစားပြီးနှလုံးသွင်းဖို့
ဝီရိယစိုက်ပြီး
အားထုတ်ကြည့်ဖို့မရှိဘဲ
အဝိဇ္ဇာ
-
တဏှာတရားဘက်ကူးပြီးတော့
-
ဒီလိုအတွေးဝင်လာတတ်တယ်
…
ဖြစ်လာမှာပါလေ၊ နတ်ပြည်တော့ ရောက်မှာပေါ့ဆိုလို့ကတော့ အဝိဇ္ဇာ-တဏှာတရားက ဗုဒ္ဓတရားကိုလွှမ်းမိုးသွားတာပဲ။
ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အဝိဇ္ဇာ-တဏှာတရားက ပိုပြီး စွမ်းအားထက်တယ်။ ပိုပြီး လွှမ်းမိုးတယ်။ လူတိုင်းလက်ခံလွယ်တယ်။ ကျင့်ကြံလွယ်တယ်။ ( ဉာဏ်အားနည်းသူတို့အတွက် )
မြတ်စွာဘုရားရှင် လေးအင်္သချေ သော ကာလပတ်လုံး ဒုက္ခမျိုးစုံခံပြီး ပါရမီဖြည့်၊ ဘုရားဖြစ်တော့လည်း ၄၅ ဝါပတ်လုံး မရပ်မနား တရားတွေဟောခဲ့တဲ့ တရားတွေရဲ့ အနှစ်သာရက ကျန်တာလား? သစ္စာသိဖို့လား ?ဆိုတဲ့ မေးခွန်းကို မိမိကိုယ်မိမိ မေးမြန်း စဉ်းစား သုံးသပ်၍ -
အကိုင်းကို အကိုင်း၊ ပင်စည်ကို ပင်စည်၊ အမြစ်ကို အမြစ်.. အကာကို အကာ.. အနှစ် ကို အနှစ် ရယ်လို့ ခွဲခြားမြင်တတ်ပြီး... အခွင့်အရေးလေး ရနေတုံးမှာ အနှစ်သာရ ရှိရှိ ရှင်သန်ခွင့်ရအောင် ကြိုးစားကြရမည် မဟုတ်ပါလားခင်ဗျား...
ကိုယ့်ကိုယ်သာ အရိပ်ကို အယောင်ပြပြီး နှစ်ပေါက်တစ်ပေါက်ရိုက်နေမယ်ဆိုရင် ...ရှိတာက နှစ်ပေါက်... ရိုက်တာက တစ်ပေါက်... လွတ်တဲ့ အပေါက်က ကိုယ့်ကို သုတ်ရင်းနဲ့ ဒုက္ခရောက်နေမှာ အမှန်ဖြစ်နေသောကြောင့် ...
နားလည်လွယ်တာလေးကို ရှင်းရှင်းလေးတွေးပြီး အချိန်မဆွဲ အမိအရ ပြေးလုပ်လိုက်မယ်ဆိုရင် ဒါသည် ဘယ်သူ့အတွက် ကျေးဇူးများမလဲဆိုတဲ့ မေးခွန်းကိုလည်း မေးလိုက်ပါအုံးနော...
မိမိအတွက်ရော သူများတွေအတွက်ပါ ကျေးဇူးများပါတယ်လို့ ကူဖြေပေးပါ့မယ်.. ကိုယ့်ဟာကိုယ် ဖြေရင် မိမိအတွက်သာ မြင်တတ်ကြလို့ပါ...
မိမိကိုယ် မိမိ ဒုက္ခရောက်အောင် လုပ်နေတဲ့သူကြောင့်သာ တစ်လောကလုံး ဒုက္ခရောက်နေကြတာပါ.. မိမိဒုက္ခကို မိမိ ငြိမ်းနိုင်ပြီဆိုရင် သူနဲ့ ဆက်စပ်သမျှ သက်ရှိ/သက်မဲ့ ဟူသမျှသည် ဘေးလွတ်ပြီး အကျိုးများဖို့သာ ရှိပါတယ်...
ဒါကြောင့် မိမိနှင့် သူတစ်ပါး အကျိုးများမယ့်.. တစ်ချက်ခုတ် အချက်များစွာပြတ်မယ့် အလုပ်ကို ကြိုးစားလုပ်ကြပါစို့လို့
လေးစားခင်မင်စွာဖြင့် တိုက်တွန်းသင့် / မတိုက်တွန်းသင့် ?
အဲဗျာ.. လိုရင်းကို နားလည်မှ လိုရင်းကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်မှာဖြစ်တယ်။
လိုရင်းကို နားမလည်ဘဲ လိုရာဆွဲရင်တော့ သာသနာပတရားဖြစ်တဲ့ အဝိဇ္ဇာ-တဏှာတရားရဲ့ လမ်းညွှန်ချက်နှင့်အညီ လိုရာ ဇာတိဒုက္ခပေါ်၍ ခန္ဓာဝန်ထမ်းပြီး အသေစခန်းဖွင့်ကြဖို့ပဲလေနော...
ဒီစာကို ဖတ်ရင်နဲ့ပဲ အဝိဇ္ဇာ-တဏှာတရားက ဝင်ဝင်လာလိမ့်မယ်။
( ဒီလို…..တို့ ကပုထုဇဉ်ပဲလေ … ပါရမီမှ မပြည့်သေးတာ…လုပ်စရာတွေက ကျန်သေးတယ်၊ သားရေး၊သမီးရေးကိစ္စတွေက မပြီးပြတ်သေးဘူး….နောက်ဘဝမှ လုပ်တော့မယ်…..ဒါနလုပ်အုံး၊ သီလပဲ မြဲအောင်ဆောက်ကြည့်ပါအုံး..မလွယ်ဘူးနော်….စသည်ဖြင့်လာမယ်)
အဲ…ဒီလို ရိုးရိုးတန်းလက်မှတ် ဝယ်နေရင် ဘယ်တော့မှ အထက်တန်းက လိုက်ရမှာမဟုတ်ဘူး။
ရိုးရိုးတန်းက လိုက်နေရင်းနဲ့ပဲ ရထားမှောက်သေကြရလိမ့်မယ်။
အားလုံး
မိမိဖြစ်စဉ်သဘာဝကို
မသေခင်မှာ
အမှန်မြင်ဖို့
ကြိုးစားရင်း
ကိုယ်စိတ် နှစ်ဖြာ ကျန်းမာအေးမြကြပါစေ..
မြတ်စွာဘုရားရှင်နှင့်တကွ အရိယာပုဂ္ဂိုလ်တို့၏ နှလုံးသားမှာ ဇာတိသံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်လိုမှု အလံကလေးကို စိုက်ထူပြီး တလူလူလွင့်လို့နေကြပါတယ်… မြင့်မြတ်သော ပုဂ္ဂိုလ်မြတ်တို့၏ နှလုံးသားကဲ့သို့ ဓမ္မမိတ်ဆွေတို့၏ နှလုံးသားမှာလည်း အဲဒီအလံကို စိုက်ထူပြီး တလူလူလွင့်နေပြီဆိုရင် မြင့်မြတ်သော နှလုံးသားပိုင်ရှင်များ ဖြစ်သွားပြီလို့ ကျွန်တော်က ဖော်ညွှန်းပြောဆိုတာလား- သူ့သဘောက ဒီသဘောဖြစ်သွားသလား….
လေးစားစွာဖြင့်
ဝင်းမြင့်
(၁၆-၀၆-၂၀၀၈)
Copyright © 2010 Thitsartayar.Com
Donated by: Saydanarshinmalay
Designed by: Thitsartayar.com